၁၃ နှစ် ပိတ်ထားတဲ့ မြို့မဂျာမေဗလီကို အေအေ ပြန်ဖွင့်ပေး
၁၃ နှစ် ပိတ်ထားတဲ့ မြို့မဂျာမေဗလီကို အေအေ ပြန်ဖွင့်ပေး
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ နှစ်ပေါင်း ရာနဲ့ချီ သက်တမ်းရှိတဲ့ မြို့မဂျာမေဗလီကြီးကို ၁၃ နှစ်ကြာပိတ်ထားရာက အာရက္ခတပ်တော် အေအေက ပြန်ဖွင့်ပေးလိုက်ပါပြီ။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ အေအေက လုပ်ဆောင်နေတယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ကိုတင်ဖို့ တိုက်တွန်းတာတွေ စွပ်စွဲမှုတွေ ရှိနေချိန်မှာ ဒီဗလီကြီးကို ပြန်ဖွင့်ပေးလိုက်တာပါ။ အပြည့်အစုံကို ကိုကျော်ဇေယျက ဆက်ပြောပြပေးမှာပါ။



