မလေးရှားနဲ့ စစ်ကောင်စီ ငလျင်ကူညီရေး ဆွေးနွေးဖို့ရှိ

ဗီဒီယို ပုံစာ, မလေးရှားနဲ့ စစ်ကောင်စီ ငလျင်ကူညီရေး ဆွေးနွေးဖို့ရှိ
မလေးရှားနဲ့ စစ်ကောင်စီ ငလျင်ကူညီရေး ဆွေးနွေးဖို့ရှိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လာမယ့် ဧပြီ ၁၇ ရက်နေ့မှာ ၂၀၂၅ အာဆီယံအလှည်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်အန်နဝါ အီဘရာဟင်နဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံသွားမယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောကြားထားပါတယ်။ ဒီတွေ့ဆုံမှုမှာ မြန်မာငလျင်နဲ့ပတ်သက်လို့ ကူညီကယ်ဆယ်ရေး၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ငလျင်အကြောင်းပြုလို့ စစ်ကောင်စီရဲ့ အာဆီယံနဲ့ ဆက်ဆံရေး ပြန်လည် စတင်လာသလားလို့ ကောက်ချက်ချမှုတွေလည်းရှိနေပါတယ်။ ကိုကျော်ဇေယျက ပြောပြပေးပါမယ်။