ယူကရိန်း စစ်ပွဲ ကျယ်ပြန့်လာမှာ စိုးရိမ်နေကြ

ဗီဒီယို ပုံစာ, ယူကရိန်း စစ်ပွဲ ကျယ်ပြန့်လာမှာ စိုးရိမ်နေကြ
ယူကရိန်း စစ်ပွဲ ကျယ်ပြန့်လာမှာ စိုးရိမ်နေကြ

ယူကရိန်းကို လက်နက်ထောက်ပံ့နေတဲ့ နိုင်ငံတွေက စစ်ရေး ပစ်မှတ်တွေကို ရုရှားအနေနဲ့ တိုက်ခိုက်ခွင့်ရှိတယ်လို့ ဗလာဒီမီယာ ပူတင်က ပြောခဲ့ပြီးနောက်မှာ ယူကေနဲ့ အီးယူ နိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေ ဘာလင်မြို့မှာ ဆွေးနွေးနေကြပါတယ်။

ပိုလန်ကတော့ ယူကရိန်းအနေနဲ့ မိမိနိုင်ငံကို ကာကွယ်ရာမှာ အနောက်နိုင်ငံတွေက ပံ့ပိုးပေးတဲ့ ဒုံးကျည်တွေ သုံးပြီး ရုရှားကို ပစ်ခတ်ခွင့် ရှိတယ်လို့ အမြဲပြောခဲ့ပါတယ်။ တဖက်မှာလည်း ပိုလန်ထဲမှာ အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတွေ လည်း ရှိနေပြီး အဲဒီထဲက တခုက ယူကရိန်းစစ်ပွဲ ကျယ်ပြန့်လာတဲ့အခါ ပစ်မှတ်တခု ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ ရုရှားဘက်က ပြောနေတဲ့ စခန်းတခု ဖြစ်ပါတယ်။

ဘီဘီစီရဲ့ အရှေ့ဥရောပ ဆိုင်ရာ သတင်းထောက် ဆာရာ ရိန်းစ်ဖို့ဒ် ဝါဆောမြို့က ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။