ဓာတ်ငွေ့ရည် သိုလှောင်ဖြန့်ဖြူးရေး ဆိပ်ကမ်းဆောက်ဖို့ ရုရှားနဲ့ စစ်ကောင်စီ ဆွေးနွေး
ဓာတ်ငွေ့ရည် သိုလှောင်ဖြန့်ဖြူးရေး ဆိပ်ကမ်းဆောက်ဖို့ ရုရှားနဲ့ စစ်ကောင်စီ ဆွေးနွေး
စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ ရုရှားခရီးစဉ်မှာ လိုက်ပါသွားတဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ဟာ ရုရုားရဲ့ စွမ်းအင် ဒုဝန်ကြီး အပါအဝင် ရုရှားနိုင်ငံပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီက နိုင်ငံတကာ ဆက်ဆံရေး အကြီးအကဲတို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ သူတို့ဟာ ထားဝယ် ရေနက် ဆိပ်ကမ်းအနီး သဘာဝဓာတ်ငွေ့ရည် LNG တွေကို လက်ခံ သိုလှောင် ဖြန့်ဖြူး ပေးနိုင်တဲ့ Terminal တစ်ခု တည်ဆောက်နိုင်ဖို့နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော် ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒီစီမံကိန်းတွေက လက်တွေ့ အကောင်အထည်ဖော်နိုင်မှာပါလား။ ကိုမောင်က ဆက်ပြီး ပြောပြပေးမှာပါ။



