တရုတ်ပြည်က လက်လုပ် မီးပုံးလုပ်ငန်း
တရုတ်ပြည်က လက်လုပ် မီးပုံးလုပ်ငန်း
နှစ်စဉ် ဒီလို အချိန်တွေကို ရောက်လာပြီ ဆိုရင် တရုတ်ပြည်မှာတော့ နှစ်သစ်ကူး ပွဲတော်ကျင်းပဖို့ နီးလာပြီ ဖြစ်ပါတယ်။ ပွဲတော်ရက်တွေ ချဉ်းကပ်လာတာနဲ့ အမျှ ပြင်ကြဆင်ကြ လုပ်ကြပါပြီ။ တရုတ်မြောက်ပိုင်းက ရွာလေး တရွာမှာတော့ နှစ်သစ်ကူးပွဲ ဆင်နွှဲကြမယ့် သန်းပေါင်းစွာသော လူတွေအတွက် မီးပုံးနီနီတွေ အများအပြား ပြင်ဆင်ထုတ်လုပ်ပေးနေရပြီ ဖြစ်ပါတယ်။ ဒီမီးပုံးနီတွေဟာ တရုတ် ယဉ်ကျေးမှုအတွက် မျှော်လင့်ခြင်း သင်္ကေတလည်း ဖြစ်သလို ကံကောင်းခြင်းတွေနဲ့ မိသားစုတွေ ပြန်လည်ဆုံဆည်းခြင်းတွေရဲ့ အမှတ်သညာလည်းဖြစ်ပါတယ်။ တရုတ်ပြည်အခြေစိုက် သတင်းထောက် စတီဗင်မက်ဒေါနယ်ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြမှာပါ။



