အယိုးဒယမှာ ဟိန္ဒူ ဘုရားကျောင်းသစ်ဖွင့်
အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာ မိုဒီက ဟိန္ဒူဘာသာမှာ အထွတ်အမြတ် ထားတဲ့ ဘုရားရှိခိုးကျောင်းကို ဖွင့်လှစ်ပေးလိုက်ပါတယ်။ အဲဒီ ဖွင့်ပွဲကိုပဲ သူ့ရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေရဲ့ အစအဖြစ် ရှုမြင်ကြပါတယ်။ ဟိန္ဒိူ ဘာသာဝင်တွေကလည်း ဒီဘုရားကျောင်း ဖွင့်ပွဲကို မျှော်နေတာကြာပြီ ဖြစ်တဲ့ အိပ်မက်တခု ဖြစ်လာတယ် ဆိုပြီး ကြိုဆိုလိုက်ကြပါတယ်။ တဖက်မှာတော့ ဒီနေရာမှာ တချိန်က ရှိခဲ့ပြီး တရားမဝင် ဖြိုချခံခဲ့ရတဲ့ ဗလီအတွက် နောက်ပိုင်း ဘာသာရေး အဓိကရုဏ်းတွေပါ ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့် မွတ်စလင်တွေမှာ ဝမ်းနည်းစရာ အတိတ်ကာလတွေကို ပြန်သွားသတိရစေတယ်လို့ ဆိုပါတယ်။ မစ္စတာ မိုဒီဟာ အိန္ဒိယရဲ့ ဘာသာရေး လွှမ်းမိုးမှု ကင်းတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ စွပ်စွဲကြပါတယ်။ အယိုးဒယ မြို့က ဘီဘီစီရဲ့ တောင်အာရှ သတင်းထောက် ယိုဂီတာ လင်မရဲပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။




