မဟာဗျူဟာမြောက် စဉ်းစားနေတဲ့ ယူကရိန်း
မဟာဗျူဟာမြောက် စဉ်းစားနေတဲ့ ယူကရိန်း
ပြီးခဲ့တဲ့ လအတွင်း ယူကရိန်းက ရုရှားထဲကို ရုတ်တရက် ဝင်ရောက် ထိုးစစ်ဆင်မှုတွေရဲ့ အောင်မြင်မှုကြောင့် ယူကရိန်းဘက်မှာ စိတ်ဓာတ် တက်ကြွ လာခဲ့ကြပါတယ်။ ဒါပေမယ့် ယူကရိန်း အရှေ့ခြမ်းက စစ်မျက်နှာမှာတော့ ဖိအားတွေလျော့သွားအောင် သိပ်မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ယူကရိန်းအစိုးရဟာ သူ့တပ်တွေကို ဘယ်ဘက်မှာ ပုံအောမလဲ ဆိုတဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တွေကို စဉ်းစားနေရပြီ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် နစ်ခ်ဘိခ်ဟာ အဲဒီ ရုရှားနဲ့ နယ်စပ်ဒေသတွေကိုလည်း ရောက်ခဲ့သလို ယူကရိန်း ရဲ့ တပ်သားသစ်တွေကို လေ့ကျင့်ပေးနေတဲ့ လျှို့ဝှက်စခန်းတခုထဲကိုပါ ဝင်ရောက် သတင်းယူခွင့် ရခဲ့ပါတယ်။ နစ်ခ်ဘိခ် ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ဆက်ပြောပြမှာပါ။



