ပုဏ္ဏားကျွန်းက စစ်ရှောင်စခန်းတွေမှာ အရေပြား ရောဂါကူးစက်
ပုဏ္ဏားကျွန်းက စစ်ရှောင်စခန်းတွေမှာ အရေပြား ရောဂါကူးစက်
ဆေးဝါးပြတ်လပ်နေတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်စခန်းတွေမှာ အရေပြားရောဂါ ဖြစ်ပွားတာတွေမြင့်တက်လာနေပြီး ဆေးရုံဆေးခန်းတွေလည်းမရှိတာကြောင့် ဆေးမြီးတိုတွေ မှီဝဲနေကြရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်ထဲက အေအေထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်တာနဲ့ စစ်ကောင်စီရဲ့ လေကြောင်း အန္တရာယ်တွေကြောင့် ဆေးရုံဆေးခန်းတွေလည်း ပုံမှန်မလည်ပတ်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒီအခြေအနေတွေအကြောင်း ကိုမြင့်လွင် က ပြောပြပေးပါမယ်။



