ဂါဇာက ကယ်ဆယ်ရေး ယာဉ်တန်း အစ္စရေးတိုက်ခိုက်မှု နိုင်ငံတကာ ပြစ်တင်

ဗီဒီယို ပုံစာ, ဂါဇာက ကယ်ဆယ်ရေး ယာဉ်တန်း အစ္စရေးတိုက်ခိုက်မှု နိုင်ငံတကာ ပြစ်တင်
ဂါဇာက ကယ်ဆယ်ရေး ယာဉ်တန်း အစ္စရေးတိုက်ခိုက်မှု နိုင်ငံတကာ ပြစ်တင်

ဂါဇာမှာ နိုင်ငံတကာက ကူညီကယ်ဆယ်ရေး အဖွဲ့တွေ ပါတဲ့ ယာဉ်တန်းကို အစ္စရေးက တိုက်ခိုက်ခဲ့တဲ့ အပေါ် နိုင်ငံတကာက ပြစ်တင် ရှုတ်ချနေကြပါတယ်။ အဲဒီ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားခဲ့တဲ့ ပြည်ပက ပရဟိတသမား ၆ ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း အီဂျစ်နိုင်ငံကို သယ်ယူသွားပြီ ဖြစ်ပါတယ်။ သတ္တမမြောက် သေဆုံးခဲ့သူ ပါလက်စတိုင်း လူမျိုး တဦးကိုတော့ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ သေဆုံးခဲ့တဲ့ ပရဟိတ သမားတွေဟာ World Central Kitchen ပရဟိတ အဖွဲ့က ဖြစ်ပြီး အဲဒီ အဖွဲ့ကို တည်ထောင်သူက သူတို့ကို တမင်တကာ ပစ်မှတ်ထားပြီး မသေမချင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ အစ္စရေး စစ်တပ်ရဲ့ အကြီးအကဲကတော့ လူမှားပြီး ပစ်ခတ်တိုက်ခိုက်ခဲ့မိတာ ဖြစ်ကြောင်း နဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးနေပြီ ဖြစ်ကြောင်း ပြောပါတယ်။ လူစီ ဝီလယမ်ဆင် ရဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။