ထရမ့်ရဲ့ အခွန်နှုန်းသစ်တွေအတွက် အာရှမှာ စိုးရိမ်နေကြ

ဗီဒီယို ပုံစာ, ထရမ့်ရဲ့ အခွန်နှုန်းသစ်တွေအတွက် အာရှမှာ စိုးရိမ်နေကြ
ထရမ့်ရဲ့ အခွန်နှုန်းသစ်တွေအတွက် အာရှမှာ စိုးရိမ်နေကြ

ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတ တာဝန် ထမ်းဆောင်ပြီ ဆိုတာနဲ့ အာရှဘက်မှာတော့ သူ့ရဲ့ အခွန်နှုန်းထားသစ်တွေအတွက် ရင်တမမနဲ့ ဖြစ်နေကြပါတယ်။ ပြီးခဲ့တဲ့ ပထမတကြိမ်သက်တမ်း အတွင်း အမေရိကန်နဲ့ တရုတ်အကြား ဖြစ်ခဲ့ကြတဲ့ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေကြားမှာ သိပ်အဆိုးကြီး မကြုံခဲ့ရဘဲ တချို့ နိုင်ငံတွေ အမြတ်ထွက်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဒီတကြိမ်ကတော့ ပိုပြီး ပြင်းထန်မယ့် သဘောရှိနေပါတယ်။ သမ္မတ ထရမ့်က အမေရိကန်ဆီ တင်ပို့လာတဲ့ ကုန်တွေအပေါ် ၂၀ ရာခိုင်နှုန်း အခွန်ကောက်မယ်လို့ ပြောထားပါတယ်။ ဆိုတော့ ပြောင်းလဲလာတဲ့ အခြေအနေတွေကြားမှာ ဒေသတွင်း စီးပွားရေး လုပ်ငန်းတွေ ဘယ်လို ရှင်သန်ရပ်တည်ဖို့ ကြိုးစားနေကြသလဲ။ ကိုဘိုဘိုက ပြောပြမှာပါ။