တရုတ်က လူငယ်အလုပ်လက်မဲ့ ပြဿနာ
တရုတ်က လူငယ်အလုပ်လက်မဲ့ ပြဿနာ
အစဉ်အလာအားဖြင့် လူငယ်အလုပ်လက်မဲ့ ဦးရေမြင့်မားတဲ့ တရုတ်ပြည်မှာ စီးပွားကျလာတဲ့ အတွက် လူငယ်တွေ အလုပ်အကိုင်ရှာဖွေရေးမှာ အတော်ရုန်းကန်နေရပါတယ်။ တကယ့် ကိန်းဂဏန်းတွေ ရရှိဖို့ ခက်ခဲပေမယ့် လတ်တလောမှာ အသက် ၁၆ နှစ်နဲ့ ၂၄ နှစ်ကြား လူ ၅ ယောက်မှာ ၁ ယောက်မကဟာ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၂၄ အတွင်း တရုတ်အစိုးရ ဖြေရှင်းရမယ့် ပြဿနာကြီးတွေထဲက တခု ဖြစ်ပါတယ်။ ဘီဘီစီရဲ့ တရုတ်ပြည်ဆိုင်ရာ သတင်းထောက် လော်ရာဘစ်ကာ တရုတ်ပြည် အနောက်တောင်ပိုင်းကို သွားရောက်ပြီး အဲဒီမှာ မနှစ်က ဘွဲ့ရခဲ့တဲ့လူငယ်တချို့နဲ့ တွေ့ဆုံခဲ့တာကို မသီဒါနွယ်က ပြောပြပေးမှာပါ။



