လူမည်းအင်အားစုတွေရဲ့ ထောက်ခံမဲ ရဖို့ ကာမလာ ဟဲရစ် ကြိုးပမ်း

ဗီဒီယို ပုံစာ, လူမည်းအင်အားစုတွေရဲ့ ထောက်ခံမဲ ရဖို့ ကာမလာ ဟဲရစ် ကြိုးပမ်း
လူမည်းအင်အားစုတွေရဲ့ ထောက်ခံမဲ ရဖို့ ကာမလာ ဟဲရစ် ကြိုးပမ်း

အမေရိကန်က သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုတော့တဲ့ အချိန်မှာ ဒီမိုကရက်ပါတီ သမ္မတလောင်း ကမာလာ ဟဲရစ်ဟာ လူမည်း အင်အားစု တွေရဲ့ ထောက်ခံမဲကို ရရှိဖို့ ကြိုးစားနေပါတယ်။ ရွေးကောက်ပွဲ စစ်တမ်းတွေ အရကမာလာ ဟဲရစ်အပေါ်မှာ လူမည်း အင်အားစုတွေရဲ့ ထောက်ခံမှုတွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတ ဂျိုးဘိုင်ဒန် ရရှိခဲ့တဲ့ ထောက်ခံမှုလိုမျိုး အင်ပြည့် အားပြည့် မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် လူမည်း မဲပေးသူ အများအပြား ရှိပြီး၊ မဲ အပြောင်းအလဲ များတဲ့ ဂျော်ဂျီယာ ပြည်နယ်က မဲရလဒ် အပေါ်မှာ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒီမိုကရက် ပါတီကို ထောက်ခံမှု များတဲ့ ချက်သမ် ခရိုင်ကနေ ဘီဘီစီ သတင်းထောက် နာဒါ တောဖစ် က သတင်းပေးပို့ထားပါတယ်။ မသီဒါနွယ်က ပြောပြပေးမှာပါ။