ခရီးသွားလုပ်ငန်း တိုးတက်ဖို့ တရုတ်ကြိုးစား

ဗီဒီယို ပုံစာ, ခရီးသွားလုပ်ငန်း တိုးတက်ဖို့ တရုတ်ကြိုးစား
ခရီးသွားလုပ်ငန်း တိုးတက်ဖို့ တရုတ်ကြိုးစား

တရုတ်စီးပွားရေးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အလွန် ကာလတွေမှာ ထင်ထားသလောက် ပြန်ပြီး ဦးမော့မလာနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပြည်တွင်း ခရီးသွားလုပ်ငန်းကတော့ ပြန်လည် တိုးတက်လာခဲ့ပါတယ်။ တဖက်မှာ ဘေကျင်းက ပြည်တွင်း ခရီးသွားလာမှု တက်လာပေမယ့် နိုင်ငံတကာက ခရီးသွားတွေ အရင်လို ပြန်ရောက်မလာကြမှာကို စိုးရိမ်နေပါတယ်။ ဒါကြောင့်လည်း အစိုးရက ပြည်ပက ခရီးသွားတွေ လာစေချင်အောင် ဆွဲဆောင်မယ့် အစီအမံတွေကို လုပ်လာပြီ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် စတီဗင် မက္ကဒေါ်နယ် နိုင်ငံ အရှေ့တောင်ပိုင်း ဝူကျန်းကနေ ပေးပို့ထားတဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။