အိန္ဒိယ လူဆိုးဂိုဏ်း ခေါင်းဆောင် လူသတ်မှုနဲ့ ပြစ်မှုထင်ရှား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး လူဆိုးဂိုဏ်း ခေါင်းဆောင်တဦးကို လူသတ်မှုနဲ့ ပြစ်မှုထင်ရှားကြောင်း တရားရုံးက အမိန့် ချမှတ်လိုက်ပါတယ်။
ရာဂျန်းလေး လို့ အများသိကြတဲ့ ရာဂျန်ဒရာ ဆဒါရှိဗ် နီကယ်ဂျီ ဟာ လွန်ခဲ့တဲ့ ၇နှစ်လောက်တုန်းက ဖြစ်ရပ်မှန် စုံစမ်းထောက်လှမ်းတဲ့ သတင်းထောက်တဦးကို သတ်ဖို့ လူဆိုးဂိုဏ်းကို ညွှန်ကြားခဲ့မှုနဲ့ ပြစ်မှု ထင်ရှားခဲ့တာပါ။
လူဆိုးဂိုဏ်း ခေါင်းဆောင် ရာဂျန်းလေးဟာ မွန်ဘိုင်းမြို့မှာ ရာဇဝတ်မှု အသေးစားတွေကို စကျူးလွန်ခဲ့အပြီး နောက်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး ရာဇဝတ်ဂိုဏ်းကြီးတခုကို ဦးဆောင် ထိန်းချုပ်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MADE NAGI
သူ့ရဲ့ ရာဇဝတ်ဂိုဏ်းဟာ လူသတ်မှု၊ မှောင်ခိုမှု၊ ငွေညှစ် အကျပ်ကိုင်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယ ရှိနေကြပါတယ်။
သူဟာ နာမည်အတုနဲ့ သြစတြေးလျနိုင်ငံမှာ ကိုယ်ယောင်ဖျောက် နေထိုင်နေရာကနေ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ရောက်အလာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။




