မူဂါဘီ နုတ်ထွက်ပြီ

ဓာတ်ပုံ ရင်းမြစ်, AFP
ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီဟာ သမ္မတရာထူးကနေ နုတ်ထွက်လိုက်ပြီ ဖြစ်တယ်လို့ ဇင်ဘာဘွေပါလီမန်ဥက္ကဌက ကြေညာပါတယ်။
အစောပိုင်းတုန်းကတော့ မူဂါဘီဟာ အစိုးရအဖွဲ့အစည်းအဝေးကို ဆင့်ခေါ်ထားပြီး သမ္မတ ရာထူးကနေ နုတ်ထွက်ဖို့ ငြင်းဆန်နေခဲ့တာ ဖြစ်ပါတယ်။
မူဂါဘီဟာ ဇင်ဘာဘွေကို နှစ်ပေါင်း ၄၀ နီးပါးကြာ အုပ်ချုပ်ခဲ့ပြီး အသက် ၉၃ နှစ် ရှိပြီ ဖြစ်ပါတယ်။
နုတ်ထွက်ဖို့ ငြင်းဆန်နေခဲ့တဲ့အတွက် ဇင်ဘာဘွေ ပါလီမန်က စွပ်စွဲ ပြစ်တင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။
ပါလီမန် အပြင်ဖက်မှာ ဒီလုပ်ဆောင်ချက်ကို ထောက်ခံတဲ့ လူအုပ်က စုရုံးရောက်ရှိနေခဲ့ပါတယ်။
မူဂါဘီ နုတ်ထွက်တယ်ဆိုတဲ့သတင်းကြောင့် အခုအခါ မြို့တော် ဟရာရီမှာ လူတွေ အောင်ပွဲခံနေကြပါတယ်။




